khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၂၆ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ဆားတောင်မြို့အတွင်း ကင်းပတ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အတွင်း ကင်းပတ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Royal Falcon Guerilla Force(Sadaung Falcon) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆားတောင်မြို့ ရဲစခန်း နှင့် ဆားတောင်မြို့ အထက်တန်းကျောင်းအတွင်း အထိုင်ချနေသော ညောင်ငုတ်တို့ ပျူစောထီးရွာမှ ပျူစောထီးများ ပူးပေါင်း၍ ဆားတောင်မြို့ အတွင်း ကင်းပတ်၍ ကားများကို ဖမ်းဆီး စစ်ဆေးနေစဥ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသောကြောင့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

"ဘယ်သူတွေ ဘယ်လောက်ပဲ အောက်တန်းကြနေပါစေ ဘယ်သူတွေ ဘယ်လောက်ပဲ တော်လှန်ရေးပေါ်မှာ မလိမ့်တပတ် အလွဲသုံးစားလုပ်နေပါစေ ကျွန်တော်တို့ လူငယ်တွေအကောင်းဆုံး ကြိုးစားသွားမယ် အဲတော့ ကျွန်တော်တို့ ဘယ်သူတွေ မဟုတ်တာလုပ်လုပ် ကျွန်တော်တို့ ဘယ်တော့မှ မဟုတ်တာမလုပ်ဘူး။ တော်လှန်ရေးကို သစ္စာရှိမယ်။ အကောင်းဆုံး ကျွန်တော်တို့တွေ အာဏရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်သွားမယ်။ ပြည်သူတွေပေါ်မှာ သစ္စာစောင့်သိသွားပါမယ်။ ဘယ်သူတွေ ဘယ်လိုပဲ လုပ်စားနေပါစေ ကျွန်တော်တို့ မိုးခါးရေမသောက်ပါဘူး။ ကျွန်တော်တို့ ရဲဘော်တိုင်းရဲ့ အိမ်မက်က ဒီတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ချင်တာပါဘဲ။ ဒီလိုအောင်မြင်ဖို့အတွက် လိုအပ်တာတွေ ပြောပြနေစရာမလိုအောင် ပြည်သူတိုင်းသိပါတယ်။ အခုလည်း မြေပြင် ဝေဟင် အောင်ပွဲဆင်နိုင်ဖို့ လိုအပ်နေတဲ့ Drone Project မှာပါဝင်ပေးကြဖို့အတွက် ကျွန်တော်တို့ အဖွဲ့ကနေ အကူညီတောင်းခံအပ်ပါတယ်။ပါဝင်ကူညီပေးကြပါဦး" ဟု Royal Falcon Guerilla Force(Sadaung Falcon) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla Force(Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ ထွက်လာချိန်တွင် အနီးဆုံးနေရာများတွင် မနေရန်မေတ္တာ ရပ်ခံအပ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက အသိပေးထားသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်း ၂ခု ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ဇန်နဝါရီ ၂၆

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းနှင့် ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီတို့က ပူးပေါင်းကာ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဆန္ဒပြချီတက်ခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာကို ထမင်းတစ်နပ်လှူဒါန်း

ရန်ကုန်၊ဇန်နဝါရီ ၂၆

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီး အခြေစိုက် ချင်းတွင်း ကာကွယ်ရေးအထူး တပ်ဖွဲ့ (CDF)က အခြေခံစစ်ပညာနှင့် မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး အခြေစိုက် ချင်းတွင်းကာကွယ်ရေးအထူး တပ်ဖွဲ့ (CDF) က အခြေခံစစ်ပညာနှင့် မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း Local PDF ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ သင်တန်းဆင်းပွဲပို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး သင်တန်း ကာလ ၃ လ နီးပါးကြာမြင့်ခဲ့ကြောင်း၊ သင်တန်းသား အရေအတွက် ၃၅ ဦး ရှိပြီး ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF) ရဲဘော်များက စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ တိုက်ပွဲဝင်သွားပါမည်ဟု ပြည်သူများကို ဂတိသစ္စာပြုခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ ကုန်းကြီးရွာ ပျူစောထီစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ထိန်းစမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာအတွင်း ဝင်ရောက်လာစဉ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အထိနာသော အကြမ်းဖက်စစ်သားများသည် ကျေးရွာနေ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွာသား ၁ ဦး ဖမ်းဆီးကာ နံနက် ၁၀ နာရီခန့်တွင် ကုန်းကြီးရွာ ပျူစောထီးစခန်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“တိုက်ခဲ့တာကတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခဲ့တာများတယ်၊ လက်နက်ငယ်က နည်း နည်းလောက်ပဲ သုံးခဲ့ရတာ၊ ထိခိုက်ဒဏ်ရာရတဲ့ စခတွေများကို ကုန်ကြီးကနေ ကားနဲ့ပို့တာရော၊ ချောက်ကနေ လူနာတင်ကားနဲ့လာခေါ်လာရောရှိတယ်လို့ သိရတယ်။ သေတာကနတော့ အနည်းဆုံး ၆ ဦးထက်မနည်းရှိတယ်။ ရွာသား ၂ ဦးဆိုရင် ခေါင်းတွေချည့်တေ့ပြီး ပစ်သတ်ခဲ့တာ။ စစ်ကြောင်း ထွက်သွားပြီးတော့ အလောင်းတွေကောက်ယူပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးပြီးပါပြီ” ဟု Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force ( C.G.F) ၊ ချောက်မြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ချောက် ပကဖ ) ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နှင့်ချောက် မြို့နယ် တော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကရင်၊ ပဲခူးနှင့် မွန် ပြည်နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ၏ ဒူးပလာယာခရိုင် ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးက ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်က မောင်းမကျေးရွာအုပ်စုရှိ ကမိုင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၂၇ နှစ်အရွယ် စောသားသားသည် ခန္ဓာကိုယ်တစ်ခုလုံး ထိမှန်ပြီး မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၅၇ နှစ် အရွယ်ရှိ စောပလုံးချီ (ခေါ်) ဦးမောင်အောင်မြင့်သည် ပြင်းထန် ဒဏ်ရာဖြင့် ဆေးရုံသို့ရောက်ရှိစဥ် သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်လျှက်ရှိကြောင်း ဒူးပလာယာခရိုင် - ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးကပြောဆိုသည်။

ပဲခူးတိုင်း ခလယ်လွီထူခရိုင် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။

ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ကျောက်စရစ် ကျေးရွာအနီးကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ည ၆ နာရီ ၄၃ မိနစ်ခန့်တွင် ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကျောက်စရစ်ကျေးရွာ စာသင်ကျောင်းအနီးနှင့် အင်တိုင်းကုန်းကျေးရွာအနီးကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မူးမြို့နယ်၌ ဇန်နဝါရီ ၇ ရက်နေ့တွင် သပြေညွှန့်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကမူလိုကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စောမောင်ချိုကို သပြေညွှန့်ကျေးရွာတွင် ဖမ်းဆီးကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဆီဆုံကုန်းရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ဒူးသထူခရိုင်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၂ လုံး ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောရွာ ထီးညအိုးပိုင်းရွာ အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ဌက်ပျောတောရွာ ထီးညအိုးပိုင်းနေ ဦးအောင်စိုးနေအိမ်ကို လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး နေအိမ် အသုံးအဆောင်ပစ္စည်းများ၊ ငွေကျပ် ၆၅ သိန်း နှင့် ရွှေ ၇ ပဲ မီးလောင်ပျက်စီးခဲ့ပြီး နော်အေး ၏ ဘယ်မေးရိုးကိုလည်း လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ဇန်နဝါရီ ၁၅

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဇန်နဝါရီလ ၁၅ရက်နေ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်း ၂ ခုပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ဇန်နဝါရီ ၁၅

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့်အတူ ဇန်နဝါရီလ ၁၅ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ဇန်နဝါရီ ၁၅

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတွင် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက “၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့” ခေါင်းစဥ်နှင့် လူထုသပိတ်လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ကျိုက်ထိုရှိ စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်နှင့် ချောက်တွင် စစ်တပ် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KYAIKHTO REVOLUTION FORCE (KRF) က ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၇ မိနစ်ခန့်တွင် လက်ပံပင် သုဿန်ဂိတ်ကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် PDF (၇၈၀၅)တပ်ရင်း ပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

KYAIKHTO REVOLUTION FORCE (KRF) အနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို ပြုလုပ်မည်မဟုတ်ကြောင်း အသိပေး ပြောဆိုထားသည်။

ထို့ပြင် မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ကတောက်ချောင်း ကျေးရွာအနီးတွင် ကုန်းကြီးပျူစောထီးရွာကို ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ ကတောက်ချောင်း ကျေးရွာအနီးတွင် ကုန်းကြီးပျူစောထီးရွာကို အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တိကျသေချာတဲ့ စစ်ခွေး ထိခိုက်မှုကို ပြန်ပြောပေးပါ့မယ်။ ဘယ်လိုအခြေနေမျိုးမှာ မဆို စစ်ကောင်စီရဲ့ လှုပ်ရှားမှုတိုင်းကို ထိရောက်စွာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်းနဲ့ ပြည်သူများအနေနဲ့ စစ်ကောင်စီ တပ်တွေနဲ့ ဝေးဝေးက ရှောင်နေကြဖို့ ပြောချင်ပါတယ်"ဟု Chauk Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force C.G.F ( ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့)နှင့် ချောက် မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြ ပျောက်ကျားတပ်ဖွဲ့ ၊ Kyaukpadaung Special Defense Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

Photo - အကြမ်းဖက် စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေစဉ်

Читать полностью…

Khit Thit Media

စစ်ကောင်စီက သန်းခေါင်စာရင်း လုံးဝမကောက်ယူနိုင်သည့် မြို့နယ် ၅၈ မြို့နယ်နှင့် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်သည့် မြို့နယ် ၁၂၇ မြို့နယ်ရှိပြီး လူဦးရေ ၁၉ သန်းကျော်ကို ကောက်ယူနိုင်ခဲ့ခြင်းမရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂

အကြမ်းဖက် စစ်ကောင်စီက သန်းခေါင်စာရင်း လုံးဝမကောက်ယူနိုင်သည့် မြို့နယ် ၅၈ မြို့နယ်နှင့် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်သည့် မြို့နယ် ၁၂၇ မြို့နယ်ရှိပြီး လူဦးရေ ၁၉ သန်းကျော်ကို ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ်တွင် အကြမ်းဖက် စစ်ကောင်စီက ရှေ့ပြေးလူဦးရေစာရင်း ကောက်ယူရာတွင် မြို့နယ် ၁၄၅ မြို့နယ်တွင် ရာနှုန်းပြည့် စာရင်းကောက်ယူနိုင်ခဲ့ပြီး မြို့နယ် ၁၂၇ မြို့နယ်တွင် တစ်စိတ်တစ်ဒေသသာ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း၊ ထို့ပြင်မြို့နယ် ၅၈ မြို့နယ်တွင် လုံးဝ စာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာမှာ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ၃၂ သန်းကျော်သာ ကောက်ယူနိုင်ခဲ့ပြီး ၁၉ သန်းကျော်ကို မကောက်ယူနိုင်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ ပဲခူးတိုင်း (အနောက်ခြမ်း) တို့တွင် ရာနှုန်းပြည့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း(အရှေ့ခြမ်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်ပြီး စုစုပေါင်း ဒေသ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်သာ ကောက်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီက စစ်ကိုင်းတိုင်းမှ လူဦးရေ ၅.၂ သန်း၊ မကွေးတိုင်းမှ လူဦးရေ ၂ သန်း၊ ရခိုင်ပြည်နယ်မှ လူဦးရေ ၂.၁ သန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ လူဦးရေး ၂.၇ သန်းနှင့် ကချင်ပြည်နယ်မှာ လူဦးရေ ၁.၄ သန်းတို့ကို သန်းခေါင်စာရင်း လုံးဝကောက် ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြ၀တီမြို့ကို ပြန်သိမ်းမည်ဟု ကြွေးကြော်ထားသော အောင်ဇေယျစစ်ကြောင်းတွင် စစ်တပ်က ပို့ပေးသော ရိက္ခာခြောက်များကို အရာရှိများသာ စားကြပြီး စစ်သားများမှာ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ၃ ဦး မျှစားရဟု အလင်းဝင်လာသူများပြော

ရန်ကုန်၊ ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် အာရှလမ်းမကြီးကို ပြန်လည် သိမ်းပိုက်မည်ဟု ကြွေးကြော်ထားသော အောင်ဇေယျစစ် ကြောင်းတွင် အကြမ်းဖက် စစ်တပ်က ပို့ပေးသော ရိက္ခာခြောက်များကို အရာရှိများသာ စားသောက်ခွင့်ရပြီး အောက်ခြေစစ်သားများမှာ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ၃ ဦး မျှစားနေရကြောင်း အလင်းဝင်လာသူ စစ်သားများက ထုတ်ဖော်ပြောဆိုသည်။

KNU တပ်မဟာ ၆ နယ်မြေကို အကြမ်းဖက် စစ်ကောင်စီတပ်က ၎င်းတို့၏ အသက်သွေးကြောအတွက် အဓိကကျသော မြဝတီမြို့ နှင့် ကုန်သွယ်ရေး လမ်းကြောင်း ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရန် လက်နက်အင် အား၊ လူအင်အား တောင့်တင်းသော နိုင်ငံတော်အဆင့်ရှိသော အောင်ဇေယျ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း လက်ရှိချိန်တွင် ထိုစစ်ဆင်ရေးသည် အောင်နိုင်ခြင်းမရှိဘဲ အရှုံးများနှင့်သာ ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းသည် ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ရောက်ရှိနိုင်ခြင်းမရှိတော့ဘဲ အာရှလမ်းမကြီးကိုလည်း ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း၊ KNLA ဦးဆောင်သော တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ အထပ်ထပ်သော ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် နေ့စဥ်နှင့်အမျှ သေဆုံးမှု ဒဏ်ရာရရှိမှုများနေကာ လူအင်အား၊ လက်နက်အင်အားများ လျှော့နည်းလာပြီး စားနပ်ရိက္ခာများလည်း ပြတ်လပ်နေကြောင်း သိရသည်။

KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ နေရာအနံ့ အထပ်ထပ် ပိတ်ဆို့မှုများကြောင့် အကြမ်းဖက် စစ်တပ်က လက်နက်ခဲယမ်း နှင့် စားနပ်ရိက္ခာများ မြေပြင်မှ ပို့ဆောင်ပေးရန် လမ်းကြောင်းမရှိတော့ဘဲ ဝေဟင်မှ လေယာဥ်ဖြင့်သာ ရိက္ခာထုပ်များ ကျဲချပေးနေရကြောင်း သိရှိရသည်။

အဆိုပါ ရိက္ခာထုပ်များကို ပို့ဆောင်ရာတွင် ၎င်းတို့ ရရှိလာသော ရိက္ခာခြောက်များကို အရာရှိအဆင့်များသာ စားသောက်ခွင့်ရပြီး အောက်ခြေမှ လက်အောက်ငယ်သား စစ်သည်များ စားသောက်ခွင့်မရှိဘဲ ခေါက်ဆွဲခြောက် တစ်ထုပ်ကို စစ်သား ၃ ဦး မျှဝေ စားသောက်နေရကြောင်း သိရသည်။

ရှေ့တန်း စစ်မြေပြင်တွင် ထိုအခြေနေများကြောင့် အောက်ခြေ စစ်သားများသည် စိတ်ဓာတ်ခွန်အား၊ ကိုယ်ခံအား ပျက်ပြားလာကြပြီး နေ့စဥ်နှင့်အမျှ လက်နက်ခဲယမ်းနှင့်အတူ အလံဖြူထောင်သူများ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ ထွက်ပြေးခိုလှုံလာသူများပြားလာကြောင်း သိရှိရသည်။

ထိုအခြေနေများကို သိရှိနားလည် ကိုယ်ချင်းစာသော KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်၏ စည်းမျဥ်းစည်းကမ်းနှင့်အညီ လူသားခြင်းစာနာထောက်ထားမှုဖြင့် KNU ထိန်းချုပ်နယ်မြေတွင် ရှိသော စစ်ကောင်စီတပ်မှ မည့်သည့် စစ်သည်မဆို လာရောက်ပူးပေါင်းပါကာ လာရောက် ခိုလှုံပါက အစဥ်မြဲ နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိကြောင်း KNU က ထုတ်ပြန်သည်။

အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ပြည်သူလူထုများက အသိအမှတ်ပြု တန်ဖိုးထား လေးစားသည့်အနေဖြင့် ၎င်းတို့ကို ကောင်းမွန်စွာ ကြိုဆို ဧည့်ခံပေးခဲ့ပြီး ၎င်းတို့အတွက် ထောက်ပံ့မှုများလည်း ပေးအပ်ခဲ့ကြောင်း၊ ထိုသို့ဆောက်ရွက်ပေးခဲ့ပြီးနောက် ၎င်းတို့၏ အနာဂတ်ဘဝရှေ့ရေးအတွက် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း စီစဥ်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံကို လက်နက်ခဲယမ်းနှင့်အတူဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ခဲယမ်းမပါသည်ဖြစ်စေ အားလုံးကို လက်ခံကြိုဆိုပေးခဲ့ပြီး၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျ စစ်ကြောင်းမှ လာရောက်ပူးပေါင်းလာသော စစ်သားများကို ကြိုဆိုထောက်ခံပွဲ နှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသော စစ်သားများကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောနှင့် အတူ တွေ့ရစဉ်။

Photo- ပေးပို့။

Читать полностью…

Khit Thit Media

ဘုတလင်မြို့နယ်၊ အင်အား ၃၀ ကျော်ရှိ အခိုင်အမာတည်ဆောက်ထားသော ကူတော်နယ် မြေခံရဲစခန်းကို စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွား၊ စခန်းပတ်လည်တွင် စစ်တပ် ထောင်ထားသည့် မိုင်းများကို ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်အား ၃၀ ကျော်ရှိ အခိုင်အမာတည်ဆောက်ထားသော ကူတော်နယ် မြေခံရဲစခန်းကို စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားကြောင်း ဘုတလင်မြို့နယ်မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကူတော်နယ်မြေရဲစခန်းကို စစ်ကောင်စီတပ်သားများက စွန့်ခွာသွားခြင်းဖြစ်ပြီး ယင်းစခန်းကို အင်အား ၃၀ ခန့် တပ်စွဲထားကာ အခိုင်အမာတည်ဆောက်ထားကြောင်း၊ ဘုတလင်မြို့ပေါ်မှ စစ်တပ်စစ်ကြောင်းက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

" ကူတော်ရွာ ရဲစခန်းက စခတွေကို ဘုတလင်မြို့ပေါ်က စစ်ကြောင်းနဲ့ လာခေါ်သွားတာ။ စခန်းကနေထွက်သွားတာက ဒီဇင်ဘာ၃၁ရက် နေ့ ထွက်သွားတာ။ စခန်းထဲ စခ တွေမရှိ တော့ဘူးလို့သိရတာက ဇန်နဝါရီ ၁ ရက် နေ့ မွန်းလွဲ ၂နာရီ လောက်မှသိရတာ။ စခန်းအတွင်းမှာ တော့ ဘုတလင်မြို့နယ်ပြည်သူကာကွယ်ရေးတပ် ကိုကြွက်ကလေးအဖွဲ့အဖွဲ့နဲ့ မောင် ထောင်တိုက်နယ်က ပြည်သူကာကွယ်ရေးအဖွဲ့တွေ ပေါင်းပြီး ရှင်းလင်း ရေးလုပ်သွားတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ ကူတော်ရွာရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်ကရှင်းလင်း ရေးပြုလုပ်ခဲ့ပြီး စစ်ခန်းအတွင်းမှ ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စခန်းပတ်လည်မှ မိုင်းများကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

*ကျနော်တို့သိရ‌‌သလောက်က စခန်းအတွင်းမှာ စစ်တပ်က တိုက်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ထားခဲ့တယ်။ စခန်းအတွင်းက ပြည်သူတွေဆီက နေ မတရားသိမ်းဆည်းထားတဲ့ ကား တွေ၊ဆိုင်ကယ်တွေ၊မီးစက်တွေနဲ့ပရိဘောကတွေသိမ်းဆည်းရမိတာတွေရှိတယ်လို့ သိထားရတယ်။ ကာကွယ်ရေးတပ်ကတော့စခန်းကိုရှင်းလင်း ရေးလုပ်ပြီး ပြန်ထွက်သွားပြီး။ စခန်းကို စွန့်သွားတဲ့ စခ တွေကတော့ ဘုတလင်မြို့ ပေါ်ကို ရောက်သွားပြီ" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ရန်ကုန် ခေတ်သစ်က ကူတော်ရွာစခန်းအတွင်းမှ အ ခြေအနေများနှင့်ပတ်သက်ပြီး ဘုတလင်ပြည်သူ့ ကာကွယ်ရေးတပ်မှ ကိုကြွက်ကလေးနှင့် မောင် ထောင်ရွာတိုင်နယ်မှ ကိုဝေကြီးတို့ ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။

Читать полностью…

Khit Thit Media

စစ်သားနှင့်ဝန်ထမ်းများအားလုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်အတူ ဘ၀ကို ပေးဆပ်မည်လား၊ ရုန်းထွက်မည်လား နောက်ဆုံး ရွေးရမည့် အချိန်ရောက်နေပြီး ပြည်သူကို ဆန့်ကျင်သူ မှန်သမျှ နိဂုံးမကောင်းနိုင်ဟု NUG ဝန်ကြီးချုပ် သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၂

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ဝန်ထမ်းများအားလုုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်အတူ ဘ၀ ကို ပေးဆပ်မည်လား၊ ရုန်းထွက်မည်လား နောက်ဆုံး ရွေးချယ်ရမည့် အချိန်ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်၏ နှစ်သစ်ကူး ဆုတောင်းစကားတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သည်များနှင့် ဝန်ထမ်းများအနေဖြင့် လက်ရှိ နိုင်ငံ၏ အခြေအနေကို လေ့လာသုံးသပ်ပြီး သေချာစဉ်းစားရမည့်အချိန် ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

" အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်အောက် မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေနဲ့ဝန်ထမ်းတွေကို အထူးပြောကြားလိုတာလည်း ရှိပါတယ်။ လက်ရှိ နိုင်ငံရဲ့ အခြေအနေတွေကို သေချာလေ့လာသုံးသပ်ပြီး မိမိအတွက်၊ မိမိ မိသားစုတွေရဲ့ အနာဂတ်အတွက် သေချာ စဉ်းစားရမယ့်အချိန် ဖြစ်နေပါပြီ။ စစ်ရာဇဝတ်ကောင်နဲ့အတူ မိမိတို့ဘဝတွေကို ပေးဆပ်မလား၊ အသိမှန်၊ အမြင်မှန်ရပြီး ရုန်းထွက်မလားဆိုတာကတော့ မိမိတို့ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့တော့ အသိအမြင်မှန်တွေ ရရှိပြီး ပြည်သူ့ဘက် ကူးပြောင်းလာမဲ့သူတွေကို အမြဲကြိုဆိုနေကြောင်း ပြောကြားလိုပါ တယ်" ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

လက်ရှိအချိန်သည် ပြည်သူများနှင့် ပူးပေါင်းရန် နောက်ဆုံးအခွင့်အရေးနှင့်အချိန်ဖြစ်ကြောင်း ၊ ပြည်သူနှင့်ဆန့်ကျင်သော မည်သူမဆို ကောင်းမွန်သော နိဂုံးရှိမည်မဟုတ်ကြောင်း ၎င်းက သတိပေးသည်။

" ယခုအချိန်ကတော့ ပြည်သူနဲ့ပူးပေါင်းဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ နိုင်ငံ့အနာဂတ်တည်ဆောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ဖို့ အထူး တိုက်တွန်း လိုပါကြောင်းနဲ့ ပြည်သူ့ဆန္ဒတွေကို ဆန့်ကျင်တဲ့ မည်သူမဆို ကောင်းမွန်တဲ့နိဂုံးရှိမှာ မဟုတ်ဘူး ဆိုတာကိုလည်း သတိပေးပြောကြားလိုပါတယ်" ဟု ဝန်ကြီးချုပ်က ဆက်လက် သတိပေးသည်။

ထို့ပြင် NUG အစိုးရအနေဖြင့် တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်သည့် စုဖွဲ့လုပ်ဆောင်မှုများကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ အားနည်းချက်များကိုလည်း ကြိုးစားပြင်ဆင်သွားရန် အသင့်ဖြစ်နေကြောင်း၊ အရှိန်ပြင်းပြင်း သွားနေသည့် စစ်ရေး လှုပ်ရှားမှုများနှင့်အတူ နိုင်ငံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရင်း ပြင်ဆင်သွားရမည့် ကဏ္ဍများတွင်လည်း အားစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CDM များ၊ သပိတ်အင် အားစုများ အပါအဝင် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို အထူးလေးစားဂုဏ်ယူကြောင်း ၎င်းက ပြောဆိုသွားသည်။

Читать полностью…

Khit Thit Media

ချောင်းဦးမြို့နယ် လမ်းပိုင်း တစ်နေရာတွင် စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော သံပြားကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြားကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ချောင်းဦးမြို့နယ် လမ်းပိုင်းတစ်နေရာ၌ စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြာကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုတိယ အစီး ပဒေသာ မိုင်း ၂ လုံး ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေ ထိခိုက်မှုတော့ရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ခွေးကားတွေကို မိုင်းဆွဲတာ ဒုတိယ အစီးကိုတော့ ပဒေသမိုင်း ၂ လုံး ထိမှန်ခဲ့ပါတယ်" ဟု BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် စစ်စခန်းကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ရိက္ခာပစ္စည်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် စစ်စခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ရိက္ခာပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Burma Liberation Democratic Front - BLDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ ညောင်ဖြူပင် စစ်စခန်းကို ရိက္ခာလာပို့သော စစ်ကြောင်းကို လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရိက္ခာထုပ်များကို ပစ်ချထားခဲ့ပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားသောကြောင့် ဆန်အိတ်ပိုင်း ၁၃ ပိုင်း ၊ ဆီ တစ်ပုံး ၊ ကြက်သွန်ဖြူ နီ ၅ပိဿာ ခန့် ၊ ငါးခြောက် ၅ ပိဿာခန့်၊ ကော်ဖီထုတ်ကြီး ၇ ထုတ်၊ အရက် ဘီယာ များ ၊ ဆေးလိပ် ၁၀ စည်း၊ ကုလားပဲဆန်၊ ငပိ၊ ဆေးဝါးမျိူးစုံ၊ ကွမ်းသီးကွမ်းရွက်၊ အလှကုန်၊ ပဲလှော်၊ ဆပ်ပြာ၊ လဘက်ခြောက်၊ ဆား ၅ပိဿာနှင့် မုန့်မျိူးစုံ၊ ခရမ်းသီး ခရမ်းချဥ်သီး ငှက်ပျောသီးများနှင့် အသင့်စား အစားစာများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)နှင့်အတူ မုံရွာခရိုင်တပ်ရင်း (၂၃)၊ မုံရွာခရိုင်တပ်ရင်း (၂၅)၊ မုံရွာခရိုင်တပ်ရင်း (၂၈) ၊ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့၂၊ Special Force 11၊ Importal Gurella Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဇန်နဝါရီလ ၂၆ရက်နေ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။

Читать полностью…

Khit Thit Media

ငွေဆောင် ကမ်းခြေတွင် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်ခံနေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင် ကမ်းခြေတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်နေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်းနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှ စ၍ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သော်လည်း ကမ်းခြေကို ခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးကာ ကမ်းစပ် ဈေးဆိုင်များပါ ဖွင့်လှစ်ခြင်းမရှိသောကြောင့် အကြမ်းဖက် စစ်တပ်က ဟိုတယ်၊ တည်းခိုခန်းနှင့် ဈေးဆိုင်များကို ဖိအားပေးဖွင့်လှစ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ငွေဆောင်မြို့မှ ပြည်သူတစ်ချို့လည်း ရွေ့ပြောင်းမှု ရှိနေပြီး အကြမ်းဖက် စစ်တပ်က ကမ်းခြေ စည်းကမ်း ထိန်းသိမ်းရေးရန်ပုံငွေဟု ခေါင်းစဉ်တပ်၍ ဟိုတည်နှင့် တည်းခိုရိပ်သာများထံမှ တစ်လ ၂ သိန်း ကျပ် လစဉ် ကောက်ခံနေပြီး ပြည်သူ့စစ် ထောက်ပံ့ငွေအဖြစ် သုံးစွဲနေကြောင်း သိရှိရသည်။

ထို့ပြင် ငွေဆောင်ကမ်းခြေကို နှစ်သစ်ကူးနေ့က လာရောက် လည်ပတ်သည့် ခရီးသွား လူငယ်အချို့လည်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ယနေ့အချိန်အထိ အဆက်အသွယ်ပြတ်‌တောက်နေကြောင်း သိရသည်။

လက်ရှိချိန်တွင် ရွှေသောင်ယံမြို့ အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပုသိမ်မြို့နယ် အတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြင်းကို ဇန်နဝါရီလ ပိုင်းမှစ၍ ခရီးသွားများ လာရောက်ခြင်း မရှိတော့ဘဲ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်မှု ပိုများလာကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများလည်း ပိတ်သိမ်းမှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်လာကာ အုပ်ချုပ်ရေးမှူးများကလည်း စစ်တပ်နှင့် ပူးပေါင်း၍ ပေါ်တာဆွဲပေးမှုများ ပိုမိုများပြားလာကြောင်း၊ ထို့ပြင် ပြည်သူ့လုံခြုံရေး အဖွဲ့များလည်း ဖွဲ့စည်းများ ပိုမို လုပ်ဆောင်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

photo credit - သတင်းအထူးတပ်ဖွဲ့ - ပုသိမ်

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၁၅ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကြောင်းကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း Myaning Supporting Battaion – MSB က ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြိုင်မြို့မှ ကန်နီပျူစောထီးကျေးရွာသို့ ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်း နှင့် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက အင်ရောင်းကျေးရွာအနီး အရောက်တွင် မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်၊ ဝက်ခေါင်းကျေးရွာ အနီး အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်မှု ၁ ကြိမ်နှင့် ကျောင်းကုန်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲ ၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း အဆိုပါ ရိက္ခာပို့ ယာဉ်တန်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ကျောင်းကုန်းကျေးရွာ၊ ကန်နီကျေးရွာ၌ တိုက်ပွဲ ၂ ကြိမ် ထပ်မံ ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကန်နီကျေးရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထောင်ထားသောမိုင်းကို နင်းမိ၍ စစ်ကောင် တပ်သား ၂ ဦး ပွဲချင်းပြီး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Myaing Supporting Battalion - MSB ၏ ထောက်ပို့ခံတပ်ရင်းများဖြစ် သော ပခုက္ကူခရိုင်အမှတ် ၂ ၊ ၆ ၊ ၇ ၊ ၁၄ ၊ ၁၅ ၊ ၁၇ တပ်ရင်းများ နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ မြိုင် ပ.က.ဖ တပ်ရင်း ၊ Pakokku Earthquake အဖွဲ့၊ အညာမြေတပ်ပေါင်းစုအဖွဲ့၊ ဝံပုလွေပြောက်ကျား တပ်ဖွဲ့၊ ဒေသခံ ပ.က.ဖ နှင့် ပ.အ.ဖများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာကို ထမင်းတစ်နပ်လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။

Читать полностью…

Khit Thit Media

ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ပြည်သူများထံမှ ငွေညှစ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်၊ ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ပြည်သူများထံမှ ငွေညှစ်ပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးခဲ့ကြောင်း Popa Production & Guerilla Force - PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ခရီးသွားပြည်သူများထံမှ နေ့စဉ် စစ်ဆေး ငွေညှစ်မှုများ ပြုလုပ်နေပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်ကား ၁ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျန်ရှိနေသော ကားများမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်ကလည်း ပုပ္ပားတောင်မကြီး ဝန်းကျင်ကို စစ်ကြောင်းထိုးပြီး ပြန်လာသည့် အကြမ်းဖက် စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းနှင့် စစ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။

"စစ်ခွေးတွေ ထိခိုက်သေဆုံးမှုများနိုင်တယ်။ အသေအပျောက်တော့ရှိတယ်။ ကျနော်တို့ စစ်ခွေး သေစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက လာကတည်းကကို နာရေးကား ၁ စီး ကို ချောဆွဲလာတာ" ဟု Popa Production & Guerilla Force - PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ပြောဆိုသည်။

Popa Production & Guerilla Force - PPGF တပ်ဖွဲ့သည် စစ်ရေးအရှိန်မြှင့်၍ တိုက်ခိုက်နေသည့် အတွက် ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ ခရီးသွားလာမှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း ရဲဘော်ဗျတ္တက ဆက်လက် ပြောဆိုသည်။

Читать полностью…

Khit Thit Media

ချောက်မြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး ပစ်သတ်ပြီး ရုပ်အလောင်းများ စွန့်ပစ်ခဲ့ကာ ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာနေ ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ချောက်မြို့နယ်၊ ကုန်းကြီးရွာ ပျူစောထီ စခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ထိန်းစမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထိန်းစမ်းရွာမှ ပြည်သူ ၃ ဦးကို ဖမ်းဆီးပြီး ၂ ဦးကို ဦးခေါင်းတေ့၍ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကာ ကျန် ၁ ဦးကို နံနက် ၁၀ နာရီခန့်တွင် ကုန်းကြီးရွာ ပျူစောထီးစခန်းကို ဖမ်းဆီးပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ရွာသား ၂ ဦးဆိုရင် ခေါင်းတွေချည့်တေ့ပြီး ပစ်သတ်ခဲ့တာ။ စစ်ကြောင်း ထွက်သွားပြီးတော့ အလောင်းတွေကောက်ယူပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးပြီးပါပြီ” ဟု Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာနေ ပြည်သူ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Myingyan District Army-3_MDA-3_Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် သံမဏိစက်ရုံမှ အင်အား ၅၀ ကျော်ဖြင့် ခြုံကြီးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က ကျေးရွာနေပြည်သူ ကိုဟိန်းဇော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားပြီး ကျေးရွာ အနောက်ဘက်တွင် ပစ်သတ်၍ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း သိရသည်။

"စစ်ခွေးတွေက နံနက် အစောပိုင်းတည်းက ရွာထဲကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားတယ်။ သူတို့ ဖမ်းဆီးသွားတဲ့ ပြည်သူကိုတော့ ကျေးရွာ အနောက်ဘက်မှာ ပစ်ခတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို စွန့်ပစ်ထားခဲ့တယ်" ဟု Myingyan District Army-3_MDA-3_Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ စစ်တပ်နှင့် ဆိုင်သော အချက်အလက်များ ဖျက်ထားပြီး ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက် သွားလာကြရန် စစ်ကောင်စီက လျှို့ဝှက် စာထုတ်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၅

စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ ဒေတာများကို ဖျက်ထားရန်နှင့် တတ်နိုင်လျှင် ဖုန်း ၂ လုံးကိုင်ဆောင်ရန် စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုက လျှို့ဝှက် စာတစ်စောင်ကို ဌာနချုပ်မှူး ‌ကျော်မျိုးမင်း ဆိုသူက ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲနှင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကချင်ပြည်နယ် ဗန်းမော်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ ကချင်ပြည်နယ် စစ်ပြန် ဥက္ကဋ္ဌ ကာနယ် သိန်းဇော် (ငြိမ်း) နှင့် မိသားစု၀င် ၄ ဦး မန္တလေးဘက် ထွက်ပြေးစဉ် ဒီဇင်ဘာလ ၉ ရက်နေ့၌ ထီးချိုင့် ၊ မောင်းကုန်း ပူးပေါင်း ဂိတ်တွင် ခရီးသည်များ၏ ဖုန်းနှင့် ကွန်ပျူတာကို KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့များက စစ်ဆေးရာ စစ်ပြန်ဒေတာများကို တွေ့၍ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အပြီးတွင် ထိုသို့ စာထုတ်လာခြင်း ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။

"ဖုန်းထဲမှာ စစ်တပ်နဲ့ ဆိုင်တဲ့ အချက်အလက်တွေ စစ်မှုထမ်းနဲ့ ဆိုင်တဲ့ အချက်တွေ ဖျက်ဖို့ ညွှန်ကြားတာ။ တကယ်တန်းဆိုရင် စစ်မှုထမ်းဟောင်းဆိုတာ စစ်တပ်ရဲ့ အဓိက အရန်အင်အားလို့ သူတို့ သတ်မှတ်ထားတာပေါ့။ ဒီအရန်အင်အားတောင် သူတို့ လုံခြုံအောင် မကာကွယ်နိုင်ဘူး ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဂရုစိုက်ကြဖို့ သူတို့ လုံခြုံရေး ယူမပေးနိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်"ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကချင်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ကာနယ် သိန်းဇော် (ငြိမ်း) နှင့် မိသားစု၀င် ၄ ဦးကို တော်လှန်ရေးအဖွဲ့များက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အကြမ်းဖက် စစ်ကောင်စီ လက်အောက်က စစ်သား နဲ့ ဝန်ထမ်းတွေအားလုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့အတူ ဘ၀ကို ပေးဆပ်မှာလား ၊ ရုန်းထွက်မှာလားဆိုတာကို နောက်ဆုံး ရွေးရမယ့် အချိန်ရောက်နေပြီဖြစ်သလို ၊ ပြည်သူကို ဆန့်ကျင်သူ မှန်သမျှကတော့ နိဂုံးကောင်းမှာ မဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလိုက်ပါတယ်။

- မန္တလေးတိုင်း ၊ ပျော်ဘွယ်မြို့၊ မန္တလေးတန်းရပ်ကွက်မှာ နှစ်သစ်ကူးည မူးနေတဲ့ ရဲတပ်သား ထက်ဦးပိုင် အပါအဝင် ရဲ ၅ ဦးက ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်တဲ့အချိန် လူထုက ပြည်လည်ဝိုင်းဝန်းရိုက်နှက်ရာမှာတော့ ရဲတွေ ထွက်ပြေးသွားကြတယ်လို့ ဒေသခဲ့ ပြည်သူတွေနဲ့ ရဲသတင်းရင်းမြစ်က ပြောထားပါတယ်။

- ပဲခူးတိုင်း ၊ ဖြူးမြို့နယ်၊ ဇေယျ၀တီမြို့မှာရှိတဲ့ ရမ်းနဂါးကျေးရွာ ဟိန္ဒူဘုရားကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် ပြည်သူ ၇ ဦး သေဆုံးသွားခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/watch?v=5qtmXOmdkwM

Читать полностью…

Khit Thit Media

KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရမှုများကြောင့် ငွေထုတ်သူများပြားနေ၍ K Payအကောင့်တခုလျှင် ငွေကျပ် ၁၀ သိန်းသာ အကန့်အသတ်ဖြင့် ထုတ်ပေးတော့

ရန်ကုန်၊ ဇန်နဝါရီ ၂

ကမ္ဘောဇဘဏ်စာရင်းများနှင့် ချိတ်ဆက်ထားသော KBZ Pay ခေါ် K Pay အကောင့်များမှ အလိုအလျောက် ငွေကြေးများကို လွှဲပြောင်းခြင်း၊ ငွေများ ခိုးခံရခြင်းများ ဖြစ်ပေါ်ပြီးနောက် KBZ Pay အကောင့်များမှ ငွေများကို ပြည်သူများက ပြန် လည်ထုတ်ယူမှုများပြားလျက်ရှိသဖြင့် အကောင့်တစ်ခုလျှင် ငွေကျပ် ၁၀ သိန်းသာ ကန့်သတ်ထုတ်ပေးတော့ကြောင်း သာကေတ မြို့နယ် မင်းနန္ဒာလမ်းရှိ KBZ ဘဏ်မှ ဝန်ထမ်းတချို့ထံမှ သိရှိရသည်။

" ဒီနေ့ ကမ္ဘောဇဘဏ် မှာ K pay ကနေ ငွေသွားထုတ်တော့ ၁၀သိန်းပဲ ထုတ်ပေးတယ်။အကောင့်တခုကို တရက် သိန်း၅၀ထုတ်ယူခွင့်ရှိတာကို ထုတ်မပေးဘူး။လာထုတ်သူများလို့ ဆိုပြီး ထုတ်မပေးလိုက်ဘူး ။ လာလွဲ ရင်တော့ အကုန်လက်ခံတယ် ။ “ ဟု အဆိုပါ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းရှိ KBZ ဘဏ်မှ ငွေသွားထုတ်ခဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KBZ Pay ထံမှ ငွေကြေးခိုးယူခံရမှုများ နှင့် ပတ်သက်ပြီး KBZ Pay စင်တာသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိကြောင်း ၊ ဆုံးရှုံးငွေ ကြေးများလည်း ပြန်လည်မရရှိသေးကြောင်း ထောက်ကြန့်မှ ကုန်စုံဆိုင်ရောင်းချသူ တစ်ဦးကဆိုသည်။

ဒီဇင်ဘာလနှောင်းပိုင်းအတွင်း အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရပြီး ကမ္ဘောဇဘဏ်က တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိသောကြောင့် ငွေများ ဆုံးရှုံးနေကြောင်း ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

ကမ္ဘောဇဘဏ်ငွေစာရင်း အကောင့်များနှင့် ချိတ်ထားသော K Pay အကောင့်များသည် အလိုအလျောက် ငွေကြေးများကို လွှဲပြောင်းခြင်း၊ ဘဏ်အကောင့်မှ ငွေများကို K Pay အတွင်းသို့ အလိုအလျောက် လွှဲပြောင်းပြီးနောက် အခြားမသိသော K Pay အကောင့်များသို့ လွှဲပြောင်းခြင်းများ ဖြစ်ပေါ်ပြီး ငွေများ ဆုံးရှုံးခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် အော်ရီဒူးဖုန်းနံပါတ်ဖြင့် ဖွင့်ထားသော K Pay အကောင့်များ ထိုသို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

KBZ Pay စင်တာကမူ ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မေးမြန်းချက်နှင့်ပတ်သက်၍ အီးမေးလ်ပို့ပေးရန်သာ ပြောဆိုခဲ့ပြီး တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ ။

ဇန်နဝါရီလ ၁ ရက်နေ့ KBZ Pay ၏ ကြေညာချက်တွင် လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း အသိပေးအပ်ကြောင်း၊ ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံရသည့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးအရေးယူမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ၂၀၂၄ ခုနှစ် ရန်ကုန်မြို့ KBZ ဘဏ်တွင် ငွေထုတ်ရန် တန်းစီနေသူများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Читать полностью…

Khit Thit Media

ဖြူးနှင့် အုတ်တွင်းမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့်အုတ်တွင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဗုံကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၉ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၅၇ မိနစ်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်နှင့် ညနေ ၅ နာရီ ၂၅ မိနစ် အချိန်တို့တွင် အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက်မြို့ အရှေ့ဘက် သရက်ကုန်းကျေးရွာသို့ ရောက်ရှိလာ အကြမ်းဖက် စစ် ကြောင်းအား ဖြူးမြို့နယ်ပကဖနှင့် သာယာဝတီ ခရိုင်ပကဖတို့ ပူးပေါင်း ဒရုန်းဖြင့် 1Kg ဗုံးများကျဲချခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂ မိနစ်တွင်လည်း ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့ဘက် သရက်ကုန်း ကျေးရွာနှင့် နှောခင်ကျေးရွာကြားရှိသုဿန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ဖြူးမြို့နယ်ပကဖ Droneအဖွဲ့က ဒရုန်းဖြင့် 1Kg ဗုံး ၂ လုံးကျဲ ချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၈ နာရီ ၄၇ မိနစ်၊ နံနက် ၉ နာရီ ၁၈ မိနစ်၊ နံနက် ၁၁ နာရီ ၅၁ မိနစ်နှင့် ညနေ ၇ နာရီ ၆ မိနစ်တို့တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက် နှောခင်ရွာသို့ ဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော် အမှတ် ၃၅၀၂ PDF တပ်ရင်း၊ ရန်ကုန်ပကဖ၊ အုတ်တွင်းပကဖနှင့် ဖြူးပကဖဒရုန်းအဖွဲ့များပူးပေါင်းကာ 1 kg ဒရုန်းဗုံး ၈ လုံး ကျဲ ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၂ မိနစ် နှင့် ညနေ ၂ နာရီ ၄၂ မိနစ်တို့တွင် ဖြူးမြို့နယ်၊ ဇေယျ ဝတီမြို့ အရှေ့ဘက် ကြူအင်း ကျေးရွာထိပ်၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ဖြူးမြို့နယ် ပကဖ Droneအဖွဲ့က 1Kg ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အင်အားက ၃၀၀ လောက်ရှိတယ်။ အခုတိုက်ခိုက်ခဲ့တဲ့နေရာတွေက အုတ်တွင်းနဲ့ဖြူးနဲ့ ထိစပ်နေရာ တွေပါ။ လက်ရှိမှာတော့ စခတွေဘက်က အင်အားကောင်းသေးတယ်။ ပြန်ဆုတ်သွားတယ်ဆိုပေ မယ့် ထန်းကုန်း၊ သရက်ကုန်း၊ မျက်နီကွင်းရွာတွေမှာ ရှိနေသေးပါတယ်” ဟု ဖြူးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေ ဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ပင် ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက် ဟာစနာပူအနောက်ရွာနှင့် ကုလားဂျူးရွာအတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၅၀၂ PDF တပ်ရင်းမှ စစ်ရေးဦးဆောင်မှုဖြင့် ဖြူးမြို့နယ်ပကဖတော်လှန်ရေးရဲဘော်များမှ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ကိုင်နေစဉ် ကြူအင်းအရှေ့ရွာထိပ်ရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းများဖြင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားရာခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်အကြာဖြင့်ခဲ့ကြောင်း ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကာ ဖြူးမြို့နယ်ပကဖမှ တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ဒဏ်ရာ အနည်း ငယ်ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

Читать полностью…

Khit Thit Media

နွားထိုးကြီးမြို့နယ် ဝက်လူးအရှေ့ရွာကို စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်၍ ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးအရှေ့ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်၍ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းတည့်ချိန် မြေပဲရိတ်သိမ်းနေသည့် တောင်သူများနှင့်ကောက်ရိတ်သမများ အကြား အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၊ လက်နက်ကြီး ထိမှန်မှုကြောင့် မတင်တင်မာ (အသက် ၄၀ နှစ်) ၊ မတင်မာ၏ သားဖြစ်သူ မောင်ကောင်းဇင်သန့် (၁၀ နှစ် )၊ မချစ်သဲမွန် (အသက် ၁၅ နှစ်)၊ မချိုမာ (၄၀ နှစ်)၊ မချိုမာ၏ သမီးဖြစ်သူ မအင်ကြင်းဖြူ (၁၁နှစ်) ၊ မောင်အောင်ပြည့်ဖြိုး (၄ နှစ်)၊ မအိအိမွန် (၃၆နှစ်) တို့ ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ဝက်လူးရွာအဝင် ရေကျော်တွင် ကင်းပုန်း ဝပ်နေသော အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့်လည်း မြို့သာဘက်မှ မောင်းနှင်လာသော Suzuki ခွေးဘီးလူးကားထိမှန်ကာ ကားကို မောင်နှင်လာသည့် ဝက်လူးအလယ်ရွာသား ဦးဇော်လတ်သည် ညာဘက်ပိုင်းကျည်ထိမှန်ကာလမ်း၏ ညာဘက် ၅ ပေအနက်ခန့် ချောက်ထဲကား တိမ်းမှောက်၍ သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အလားတူ နွားထိုးကြီးမြို့နယ် ရွာသစ်ရွာဘက်မှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဒိုင်းလည်ကျေးရွာအတွင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

မီးရှို့ဖျက်ဆီးမှုကြောင့် ဒိုင်းလည်ရွာသား ဦးစိုး၏ နေအိမ် ၁ လုံး၊ နွားတဲ ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ မီးဖိုချောင် တစ်ဆောင်၊ နှမ်း ၆ တင်း၊ မြေပဲ တင်း ၅၀ ကို ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Читать полностью…

Khit Thit Media

နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်း၊ စစ်စခန်းများကို တိုက်ခိုက်မှု စစ် တပ်ဘက်မှ ၅၀ ကျော်သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြက်ရှုကျေးရွာသို့ ရောက်ရှိနေသော စစ်တပ် စစ် ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅၀ ကျော်သေဆုံးပြီးလက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၁၁ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ မြတ်ရှုကျေးရွာသို့ စစ် ကြောင်း ထိုးလာပြီး စခန်းနေထိုင်သော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၄ နာရီကျော်အထိ ဖြစ်ပွားခဲ့ပြီး စစ်သား ၅၀ ကျော်သေဆုံးပြီး ကျန်စစ်သားများမှာ ဒဏ်ရာများဖြင့် ကစဉ့်က လျားထွက်ပြေးသွားကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော MA3 အမျိုးအစား သေနတ် ၁ လက်၊ MA94 အမျိုး အစားသေနတ် ၁ လက်၊ MA1 အမျိုးအစားသေနတ် ၁ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်၊ BA63 အမျိုးအစားသေနတ် ၁ လက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေး နှင့်အကြမ်း ဖက်နှိမ်နင်းရေးဌာနကြီး - SSTF ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း နှင့် မြင်းခြံမြို့နယ် ပကဖ LOCAL အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်သား အများအပြားထိခိုက်သေဆုံးပြီး အရှင်ဖမ်းမိသူများလည်းရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၆ နာရီအချိန်က မြင်းခြံမြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီအချိန်တွင် စခန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ချအလင်းဝင်သူများရှိ ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဂျက်ဖိုက် တာတစ်စီးဖြင့် မင်းနေကုန်းရဲစခန်းတဝိုက်ကို ဗုံးကျဲချကာ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ထို့အပြင် အနီးအနားရှိ ဆုံရွာမှ ပျူစောထီးများကလည်း သေနတ်များပစ်ဖောက်ကာ ခြိမ်း ခြောက်ခဲ့ကြောင်း သိရသည်။

အလားတူ တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား၊ ရဲ များထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်က တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ မြေပြင်၊ ဝေဟင်မှ စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ ၄၅ မိနစ် အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ အများအပြားထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ သည့်အပြင် မြေပြင်မှ စစ်ကူအများအပြားရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း၃ ရဲဘော်များ ၊ မြင်းခြံခရိုင်တပ်ရင်း ၃ Drone Team တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်အတွင်း၌ တိုက်ပွဲများပြင်းထန်နေပြီး မိဘပြည်သူများအနေဖြင့် မြင်းခြံ -တောင်သာ ကား လမ်းပိုင်းအား ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် ထိုသို့ တားမြစ်ကန့်သတ်မှုကို ယခု ဇန်နဝါရီလကုန်အထိ တားမြစ်လိုက်ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ် ရင်းက ထုတ်ပြန်ထားသည်။

Читать полностью…
Subscribe to a channel